ကမ္ဘာ့ဖလားနှစ်ကြိမ်ရ မီဂန်ရာပီနိုးနှင့် ဘတ်စကက်ဘောမယ် ဆူးဘတ်တို့ စေ့စပ်လိုက်ကြပြီ

အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားနှစ်ကြိမ် ဆွတ်ခူးထားနိုင်သည့် မီဂန်ရာပီနိုးသည် အမျိုးသမီးဘတ်စကက်ဘောစတား ဆူးဘတ်နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၄၀ နှစ်ရှိ ဆူးဘတ်သည် သူမ၏ ဘယ်လက်သူကြွယ်တွင် အသက် ၃၅ နှစ်ရှိ ရာပီနိုးက ဒူးထောက်ကာ စေ့စပ်လက်စွပ်ဝတ်ဆင်ပေးနေသည့် ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်ကာ ပရိသတ်များကို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန်အမျိုးသမီးအားကစားအကျော်အမော်နှစ်ဦးတို့သည် ချစ်သူများအဖြစ် လက်တွဲလာကြသည်မှာ ၃ နစ်ကျော်ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

ရာပီနိုးသည် ၂၀၁၅ နှင့် ၂၀၁၉ ခုနှစ်တို့တွင် အမေရိကန်အမျိုးသမီး လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ် Ballon d’Or ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ အမေရိကန်ဘတ်စကက်ဘောမယ် ဘတ်မှာလည်း အမေရိကန်အမျိုးသမီးဘတ်စကက်အသင်းနှင့်အတူ အိုလံပစ်ရွှေဆုတံဆိပ်ဆုကို ၄ ကြိမ် ဆွတ်ခူးထားသည်။ ဆူးဘတ်သည် Seattle Storm အသင်းနှင့်အတူ WNBA ဖလား လေးကြိမ် ဆွတ်ခူးထားသည်။ သူမသည် ၂၀၁၉ ခုနှစ် တစ်ရာသီလုံးကို ဒူးဒဏ်ရာကြောင့် နားခဲ့ရသူလည်း ဖြစ်သည်။

ရာပီနိုးသည် အမေရိကန်အမျိုးသမီးလက်ရွေးစင်ကစားသမားများအနေဖြင့် အမျိုးသား လက်ရွေးစင်ကစားသမားများကဲ့သို့ တူညီသည့် ဆုကြေးခံစားခွင့် ရရှိရေးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆိုပြီး ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သည်။ သူမ၏ ရှေ့ဆုံးမှ စံပြအဖြစ် လုပ်ဆောင်မှုကြောင့် အခြား ဘောလုံးအဖွဲ့ချုပ်များသည် အမျိုးသမီး လက်ရွေးစင် ကစားသမားများကို အမျိုးသား လက်ရွေးစင်အသင်းကဲ့သို့ ဆုကြေး ခံစားခွင့် အတူတူ ပေးလာကြသည်။

Facebook Comments Box
Facebook Comment