ကပ္ပတိန် အမေရိကရဲ့ စွမ်းဆောင်မှုနဲ့ နောက်တစ်ဆင့် တက်တဲ့ အမေရိကန်

အီရန် ၀-၁ အမေရိကန်

အမေရိကန် အသင်းဟာ သရေထက် ပိုပြီး နိမ့်ကျလို့ မရတဲ့ အခြေအနေမျိုးနဲ့ အီရန်ကို ရင်ဆိုင်ရချိန်မှာ စူပါဟီးရိုး ကပ္ပတိန် အမေရိကလို့ နာမည်ပြောင် ရထားတဲ့ ပူလီဆစ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

၂၀၁၀ နဲ့ ၂၀၁၄ နှစ်ကြိမ်ဆက်တိုက် အုပ်စု တက်ခဲ့တဲ့ အမေရိကန်ဟာ အနိုင် ၃ မှတ် မဖြစ်မနေ လိုအပ်နေတဲ့ အီရန်ကို လွယ်လွယ်တော့ အနိုင် ရခဲ့တာ မဟုတ်ပါဘူး။ သူတင်ကိုယ်တင် ကစားခဲ့ရ ပြီးမှ ခံစစ် ပိုမိုကျစ်လစ်တဲ့ အသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်

အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်တဲ့ အမေရိကန်ဟာ ရှုံးထွက် ၁၆ သင်း အဆင့်မှာ နယ်သာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စိုးရိမ်စရာ တစ်ခုက ဒီပွဲမှာ အနိုင်ဂိုးသွင်းတဲ့ ပူလီဆစ်ကို ဒဏ်ရာကြောင့် ပထမပိုင်း အပြီးမှာ လူစားလဲခဲ့ရ တာကို ပါပဲ။

Facebook Comments Box
Facebook Comment