ကနေဒါသို့ တစ်ပတ်ကြာ လာခွင့်ပေးရန် ဝန်ကြီးချုပ်ထံ အယ်လ်ဖွန်ဆိုဒါဗီးစ်တောင်းဆို

ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အယ်လ်ဖွန်ဆိုဒါးဗီးစ်သည် မိခင်နိုင်ငံ ကနေဒါသို့ အလည်အပတ်လာရောက်လိုလျက်ရှိနေပါသည်။ အယ်လ်ဖွန်ဆိုသည် အသက် ၁၉ နှစ်အရွယ်တွင်ပင် ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ တာဖြစ်ပါသည်။ သူသည် ဘိုင်ယန်မြူးနစ်၏အဓိကပွဲထွက်ကစားသမားအဖြစ် ချန်ပီယံလိဂ်တွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်သည်။ သူသည် တွစ်တာကို အသုံးချကာ ကနေဒါသို့ ပြန်လာခွင့်ပေးရန် ကနေဒါဝန်ကြီးချုပ်ထံ တောင်းဆိုဆိုခဲ့သည်။

ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူဒရူသည် အသက် ၁၉ နှစ်ရှိ ကစားသမား ချန်ပီယံလိဂ်ဖလားဆွတ်ခူးသွားနိုင်ပြီးနောက် တွစ်တာမှတစ်ဆင့် ကနေဒါနိုင်ငံသားများ ဂုဏ်တက်အောင်ပြုလုပ်နိုင်ခဲ့ကြောင်း ချီးကျူးရေးသားသွားခဲ့ပါသည်။

ယင်းကို အယ်လ်ဖွန်ဆိုဒါးဗီးစ်က “ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်ဂျပ်စတင်ထရူဒရူ။ ကျွန်တော် အိမ်ကို တစ်ပတ်လောက် ပြန်လာလို့ မရလား”ဟု ရေးသားတောင်းဆိုခဲ့ပါသည်။

ကနေဒါနိုင်ငံသည် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကြောင့် နယ်စပ်ပေါက်များကို ပိတ်ထားပါသည်။ ဒါ့အပြင် ကနေဒါနိုင်ငံအတွင်းရှိ လေဆိပ်များကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် စနစ်သစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေသော်လည်း မည်သည့်ကာလတွင် ပြန်ဖွင့်မည်ကို မသိရသေးချေ။

Ref: Twitter

Facebook Comments Box
Facebook Comment