ကစားသမား ၅ ဦးလူစားလဲခွင့် ရရေးအတွက် ကလော့ပ်နှင့် ဂွါဒီယိုလာ လက်တွဲ တိုက်ပွဲဝင်မည်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်နှင့် ဂွါဒီယိုလာတို့က ယခု ရာသီ ပရီးမီးယားလိဂ်တွင် ကစားသမား ၅ ဦး လူစားလဲလှယ်သည့် စနစ်အား အသုံးမပြုမှုအတွက် ပရီးမီးယားလိဂ်ကို အပြင်းအထန်ဝေဖန်လိုက်ပြီး ယင်းစနစ် ပြန် သုံးနိုင်ရေးအတွက် အတူ လက်တွဲ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကြုံးဝါး ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ကလပ်များသည် ရာသီမစတင်မီတုန်းက ကစားသမား ၃ ဦး (သို့မဟုတ်) ၅ ဦး လူစားလဲလှယ်ရေးအတွက် အဆုံးအဖြတ်ခံယူခဲ့ရာတွင် ၃ ဦး လူစားလဲသည့်စနစ်ကိုသာ သုံးရန် မဲပေးခဲ့ကြသည်။ ပရီးမီးယားလိဂ်ကလပ်အများစုက ကစားသမား ၅ ဦး လူစားလဲလှယ့်သည့် စနစ်မှာ အသင်းကြီးများအတွက် အခွင့်အရေး ပိုမို ရရှိစေသည်ဟု ယုံကြည်နေသည်။

ကလော့ပ်က “ဦးဆောင်မှု ညံတာပါ။ ရစ်ချက်မာစတာဟာ ဒါကို လွှင့်ပစ်လိုက်တာ အရမ်း မှားပါတယ်။ ဒါက ဘယ်သူ့အတွက်မှ အသာစီး မရစေပါဘူး။ ဒါက လိုအပ်တဲ့ အရာတစ်ခု ပါ။ အခြားနိုင်ငံတွေမှာ ဒီစနစ်ကို သုံးနေတယ်။ အခုတော့ ဒီအခြေအနေနဲ့ ကြုံနေရပါပြီ”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် ကလော့ပ်က လီဗာပူးနောက်ခံလူထရန်းအလန္ဒားအာနိုးမှာ မန်စီးတီးနှင့် တစ်ဂိုးစီ သရေကျသည့်ပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိကာ အင်္ဂလန်၏ လာမည့် နိုင်ငံအသင်းပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

မန်စီးတီးနည်းပြဂွါဒီယိုလာက လီဗာပူးနှင့် တစ်ဂိုးစီသရေကျသည့်ပွဲအပြီးတွင် ကစားသမား ၅ ဦး လူစားလဲခွင့်ရရှိရေးအတွက် အတူ လက်တွဲ တိုက်ပွဲဝင်ရန် ပြောကြားခဲ့ကြောင်း ဖွင့်ဟသွားသည်။

ဥရောပထိပ်သီးလိဂ်များဖြစ်ကြသည့် လာလီဂါ၊ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လီဂူး၁ တို့တွင် ကစားသမား ၅ ဦး လူစားလဲလှယ်သည့် စနစ်ကို သုံးနေသော်လည်း ပရီးမီးယားလိဂ် တစ်ခုတည်းသာလျှင် ကစားသမား ၃ ဦး လူစားလဲသည့်စနစ်ကို အသုံးပြုနေသည်။

ဂွါဒီယိုလာက “ရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စကားမပြောခဲ့ကြပါဘူး။ ၅ ဦးလူစားလဲလှယ်ခွင့်ရေးအတွက် တိုက်ပွဲဝင်ဖို့အတွက်ဘဲ ပြောခဲ့ကြပါတယ်။ အင်္ဂလန်ကစားသမား ထရန်းအလန္ဒားအာနိုးကို ကြည့်လိုက်ပါ။ ဒဏ်ရာရခဲ့တယ်။ တစ်ကမ္ဘာလုံးမှာ ကစားသမား ၅ ဦး လူစားလဲတဲ့စနစ်ကို သုံးနေတယ်။ ကျွန်တော်တို့ကတော့ အထူးအနေနဲ့ ၃ ဦးလဲလှယ်တဲ့စနစ်ကို သုံးနေတယ်။ ကစားသမားတွေကို အကာအကွယ် မပေးနိုင် ဖြစ်နေတယ်။ ဒါကြောင့်လည်း ကျရှုံးမှု တစ်ခု ဖြစ်လာတာပါ။ ကစားသမားတွေကို ကူညီပေးဖို့ ၅ ဦး လူစားလဲတဲ့စနစ်ပြန်သုံးဖို့ တောင်းဆိုသွားပါမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment