ကစားသမားများမှာ ဖီဖာနှင့် ယူအီးအက်ဖ်အေတို့၏ ရုပ်သေးရုပ်မျှသာဖြစ်ကြောင်း ခရူးစ်ဝေဖန်

တိုနီခရူးစ်က ဖီဖာနှင့် ယူအီးအက်ဖ်အေတို့သည် ကလပ်နှင့် နိုင်ငံအသင်းပြိုင်ပွဲသစ်များ ဖန်တီးကာ ဘောလုံးကစားသမားများအား ရုပ်သေးရုပ်ကဲ့သို့ ဆက်ဆံနေကြောင်း အပြင်းအထန်ဝေဖန်ပြောကြားလိုက်သည်။

ယူအီးအက်ဖ်အေသည် လွန်ခဲ့သည့် ၂ နှစ်တုန်းက ခြေစမ်းပွဲများ နေရာတွင် ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲဖြင့် အစားထိုးခဲ့သည်။ ဖီဖာသည်လည်း ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်ရန် စီစဉ်နေသလို ဥရောပစူပါလိဂ်ပြိုင်ပွဲသစ်လည်း ပေါ်ပေါက်လာရေး ထိပ်သီးကလပ်များ ကြိုးပမ်းလျက်ရှိသည်။

သို့ရာတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားသည် ပွဲစဉ်ဇယားပြည့်နှက်နေချိန်တွင် ပြိုင်ပွဲ ဖြစ်ပေါ်လာမည့် အခြေအနေကို ကန့်ကွန့်လာသည်။

တိုနီခရူးစ်က “အသစ်အသစ်တွေ ဖန်တီးပြီး ကျွန်တော်တို့က ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ရုပ်သေးရုပ်လို ဆက်ဆံခံနေရတယ်။ ဒီပြိုင်ပွဲတွေ အားလုံးက ကစားသမားတစ်ဦးချင်းစီတိုင်းရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ရှိသမျှ အားလုံး ရယူနေသလို ငွေတွေ ရှာနိုင်စေလျက်ရှိပါတယ်”ဟု ပြောကြားသွားသည်။

ထို့အပြင် တိုနီခရူးစ်သည် ဂိုးသွင်းပြီးချိန်တွင် ထူးထူးဆန်းဆန်းပုံစံဖြင့် အောင်ပွဲခံသည့် ကစားသမားများကို ဝေဖန်ပြောကြားလိုက်သည်။ အူဘာမီယန်သည် ယခင်က စပိုက်ဒါမင်းမျက်နှာဖုံးဖြင့် အောင်ပွဲခံခဲ့ဖူးသလို ဂရက်ဇ်မန်းမှာလည်း Fortnite ဗီဒီယိုဂိုးမှ ကကွက်ဖြင့် အောင်ပွဲခံနေသည်။

ယင်းကို တိုနီခရူးစ်က “ကျွန်တော်ကတော့ ဦးနှောက်မရှိတဲ့အလုပ်လို့ ထင်တယ်။ ခြေအိတ်ထဲမှာ တစ်ခုခုထည့်ထားရတာ ဘယ်လောက်ဆိုးလိုက်သလဲ။ အူဘာမီယန် တစ်ခါတုန်းက အောင်ပွဲခံဖူးတယ်။ မျက်နှာဖုံးတစ်ခုထုတ်ပြီးတော့။ ဒါက စံပြအပြုအမူကောင်းတစ်ခုလို့ မထင်ပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment