ကစားဖော်ဖာတီကို လူမျိုးရေးခွဲခြားရေးသားမှုအပေါ် ဂရက်ဇ်မန်း ဝေဖန်

အန်တိုနီယိုဂရက်ဇ်မန်းသည် အင်္ဂါနေ့က ဖီရန်ဗာရို့စ်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိသည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် စပိန်သတင်းစာ တစ်စောင်က ကစားဖော် အန်ဆူးဖာတီကို လူမျိုးရေးခွဲခြားမှတ်ချက်ပြု ရေးသားခဲ့မှုအတွက် အပြင်းအထန် ဝေဖန်ပြောကြားလိုက်သည်။

အသက် ၁၇ နှစ်ရှိ အန်ဆူးဖာတီသည် နျူးကမ့်ပွဲစဉ်တွင် ကိုယ်တိုင် တစ်ဂိုးသွင်းခဲ့သလို ကော်တင်ဟို ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့သည်။

သို့ရာတွင် စပိန်သတင်းစာ ABC က  “အန်ဆူးက ပြေးနေတဲ့အချိန်မှာ ဂဇဲဆိတ်နဲ့ တူပါတယ်။ သူက Paseo de Garcia မှာ တွေ့ရတတ်တဲ့ လမ်းပေါ်က လူမည်းဈေးသည်လေးလိုပါပဲ။ ဒီကောင်လေးတွေက ရဲတွေ ရောက်လာရင်တော့ ရေရမယ်၊ ရေရမယ်လို့ အော်နေတတ်ကြတယ်။ ပို့စကတ်ဆိုတာ မြို့နှလုံးသားရဲ့ တောအုပ်တစ်ခုပါ။ အခုတော့ အဒါကိုလူ(ဘာစီလိုနာမြို့တော်ဝန်)နဲ့ ရဲတွေကြောင့် လမ်းပေါ်ပျံကျဈေးသည်တွေ မြန်မြန်ပြေးနေစရာမလိုတော့ပါဘူး။ တိုးရစ်တွေ မရှိတော့ ဒီလုပ်ငန်းလည်း ကျဆင်းသွားတာပါပဲ”ဟု အံ့ဩဖွယ်ရာ မှတ်ချက်ပြု ရေးသားခဲ့သည်။

ယင်းသို့ ABC သတင်းစာ၏ မှတ်ချက်ပြု ပြောကြားမှု ပြုလုပ်ပြီးနောက် ဆိုရှယ်မီဒီယာများတွင် အကြီးအကျယ်ဝေဖန်မှုများ မြင့်တက်လာပြီး အန်ဆူးဖာတီကို ကာကွယ်ပြောဆိုမှု ပြုလုပ်လာကြပါတယ်။

ဂရက်ဇ်မန်းကလည်း “အန်ဆူးက အခြားလူသားတွေလိုဘဲ လေးစားမှုနဲ့ ထိုက်တန်သူပါ။ လူမျိုးရေးခွဲခြားမှု အလိုမရှိ။ ဆိုးရွားတဲ့ ပြောဆိုမှု အလိုမရှိ”ဟု တွစ်တာတွင် ‌ရေးသားကာ ABC ၏ ရေးသားမှုကို ကန့်ကွက်သွားခဲ့သည်။

Facebook Comments Box
Facebook Comment