ကက်ဂလီယာနှင့်ရိုးမားကစားသမားတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

စီးရီးအေကစားသမားလေးဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်။ ကက်ဂလီယာက အသက် ၂၈ နှစ်ရှိ ခရိုအေးရှားအလယ်တန်းကစားသမားဖီးလစ်ဘရာဒါရစ်၊ အသက် ၃၁ နှစ်ရှိ အသင်းခေါင်းဆောင်နှင့် နောက်ခံလူ လူကာကက်ပီတဲလ်လီ၊ အသက် ၂၄ နှစ်ရှိ အီတလီတိုက်စစ်မှူးအယ်ဘာတို ကာရီတို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုသွားခြင်းဖြစ်သည်။

ဒါ့အပြင် ကူးစက်ခံ ကစားသမားများနှင့် ထိတွေ့မှုရှိခဲ့သည့် အခြားကက်ဂလီယာရီကစားသမားနှစ်ဦးတို့ကိုလည်း ကွာရန်တေးဝင်နေရသည်။

ရိုးမားအသင်းကလည်း အသက် ၃၇ နှစ်ရှိ အီတလီဂိုးသမားအန်တိုနီယိုမီရန်တီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းအတည်ပြုသွားသည်။ ပြီးခဲ့သည့်တနင်္လာနေ့တုန်းက ကက်ဂလီယာရီ၏ဘူလ်ဂေးရီးယားတောင်ပံတိုက်စစ်သမား ဒက်စ်ပိုဒေါ့ဗ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် အခြား ကက်ဂလီယာရီကစားသမားများတွင်လည်း ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

ကက်ဂလီယာရီသည် အစောပိုင်းတုန်းက ယနေ့ ကြာသပတေးနေ့တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု စတင်ရန် စီစဉ်ထားသော်လည်း ကစားသမားများစွာ ကူးစက်ခံထားရမှုနှင့်အတူ ရွှေ့ဆိုင်းလိုက်ရသည်။

၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ပြင်သစ်လီဂူး ၁ တွင်လည်း သောကြာနေ့တွင် ကစားရန် ရှိနေသည့် မာဆေးနှင့် စိန့်အက်တီယန်ပွဲမှာ မာဆေးလ်ကစားသမားလေးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရပြီးနောက် ရွှေ့ဆိုင်းမှုပြုလု်ပခဲ့ရသည်။

Ref: BBC

Facebook Comments Box
Facebook Comment